Scuba Diving in Myanmar ရေအောက်အလှတွေကြည့်ရအောင်

2023 ж. 1 Ақп.
12 204 Рет қаралды

မြန်မာနိုင်ငံမှာ ကမ္ဘာ့အသိအမှတ်ပြု လက်မှတ်ရထားတဲ့ Scuba Diving သင်တန်းရှိတာ အရမ်းပျော်မိတယ်
“သင်ဟာဘယ်လောက်ပဲ ခရီးတွေသွားနေပါစေ … ရေအောက်ထဲငုတ်ပြီး ရေအောက်ကမ္ဘာကို မလေ့လာဖူးရင် ကမ္ဘာပတ်ဖူးတာစုံတယ်လို့ပြောလို့ မရပါဘူး” ဆိုပြီးစကားလေးရှိတာမှတ်မိသွားတယ်
ရေအောက်မှာ အဲ့လောက်လှတဲ့ သန္တာကျောက်တန်းတွေ ၊ မလေ့လာဖူး မမြင်ဖူးတဲ့ သတ္တဝါလေးတွေကို တွေ့ရတော့ နောက်တစ်ခါထပ်လာဆင်းအူးမယ်ဆိုပြီး ဖြစ်ခဲ့တဲ့အထိပဲ … ခုဆိုရင် ရေငုတ်တဲ့ mask နဲ့ fin တွေကို online ကနေမွှေနေမိရော 🤭
သင်တန်းအကြောင်းဆက်ပြောမယ်
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော PADI အသိအမှတ်ပြု စင်တာပေါ့နော်…
၂၀၁၄ မှာ Myanmar Dive Centre ဆိုပြီး ဆရာဝန်ဝါသနာရှင်တစ်ဦးက စတင်တည်ထောင်ခဲ့တယ်။
မြန်မာနိုင်ငံမှရှိတဲ့ ရေအောက်အလှတွေကို မြန်မာနိုင်ငံသူ/သားတွေ လေ့လာခွင့်ရအောင်ရယ် ၊ နိုင်ငံခြားသားတွေပါ မြန်မာနိုင်ငံရဲ့ရေအောက်အလှတွေကိုလေ့လာလို့ရအောင်ရယ်ပေါ့။
စျေးကလည်း နိုင်ငံခြားမှာလို စျေးမကြီးပဲ ပြည်တွင်းမှာလုပ်နိုင်တော့ ထက်အိအကြိုက်ပဲ🥰
💰230000 Ks ကနေ စသင်လို့ရတယ်
ဘာတွေသင်လဲ? 🧐🤔
-ပထမ က ရေကူးကန်ထဲမှာအရင်ကျင့်ပေးတယ်…ရေကန်ထဲမဆင်းခင်လည်း အပြင်မှာစာတွေ့ရှင်းပြသေးတယ်။
👉ရေအောက်ထဲမှာ မျက်မှန်ဝါးလာရင် / ရေဝင်ရင် အပေါ်ပြန်မတက်ပဲ ရေအောက်ထဲတင်ဘယ်လိုဆေးရတာ ၊ ဘယ်လိုပြန်ထုတ်တာ ၊
👉အပေါ်တက်အောက်ဆင်း ကိုယ်တိုင်ထိန်းတာ 👉လက်အမူအရာ အချက်ပြနည်းတွေ ၊
👉နားက နာပြီး pressure ဒဏ်မခံရအောင် equalized လုပ်နည်းတွေ ၊
👉ပစ္စည်းအသုံးပြုပုံတွေပေါ့ ….
နောက်ရက်မှ ပင်လယ်ထဲဆင်းရတယ်
သေချာလိုက်ပေးတယ် သင်ပေးတယ် ၊ စနစ်ကျတယ်
သင်ပေးတဲ့ဆရာကလည်း ပညာတတ် engineer ကိုဝါသနာပါလို့ Scuba Diving PADI Trainer အနေနဲ့ အဲ့မှာပဲနေတော့တာတဲ့
ရေအောက်ထဲက အလှတရားတွေကို လေ့လာချင်တဲ့သူတွေဆိုရင် ကြိုးစားကြည့်သင့်တယ်…
အရင်ဆုံး once in a life time ပေါ့ ၊ ကြိုက်သွားတော့မှ ထပ်အဆင့်တက်တာပေါ့ 💕
🥰 ထက်အိတော့ ရေအောက်ထဲမှာ အရမ်းလှတဲ့ သန္တာကျောက်တန်းကြီးတွေ နဲ့ ငါးအုပ်တွေ ၊ အရောင်စုံ ငါးလေးတွေ တွေ့ခဲ့ရတယ်…
ပြီးတော့ ကျောက်ဆောင်အပေါက်လေးတွေကြားထဲကထွက်နေတဲ့ အရောင်စုံမှိုပွင့်လေးတွေက လက်နဲ့ အရိပ်ပြလိုက်ရင် ပြန်ပြန်ဝင်သွားတာရောတွေ့ရတာ ထူးဆန်းတယ် ဆော့လို့ကောင်းတယ် 😂 ပြီးရင်ပြန်ထွက်လာရော
▪️PADI အသိအမှတ်ပြု Professional Instructor ကိုယ်တိုင် guide လုပ်ပြီး ခေါ်သွားပေးမှာဖြစ်လို့ အန္တရာယ်မဖြစ်စေဖို့ကိုလည်း အပြည့်အဝ အာမခံနိုင်တယ်။
လုပ်မယ်ဆိုရင်ကြိုပြီးတော့ Booking တင်ဖို့လိုတယ်နော်
For more information
@
www.divinginmyanmar.com
📞09 943 905 288
📞09 255 944 822
📞09 7300 9224
#scuba #scubadiving #scubadiving #underwaterlife #MyanmarDiveCenter #padi
Scuba Diving in Maldives 🇲🇻
• Maldives မှာ ရေငုတ်မယ်...
Scuba Diving in Andaman Sea , Nyaung Oo Phee Island , Myanmar 🇲🇲 • Nyaung Oo Phee ဘယ်သူမှ...

Пікірлер
  • ဒါမျိုးကိုမြန်မာစကားပြောနဲ့ကြည့်ချင်နေတာကြာပြီ။ကျေးဇူးပါ။

    @bigfoot839bigfoot5@bigfoot839bigfoot5 Жыл бұрын
    • thank you 😊

      @HtetEi@HtetEi Жыл бұрын
  • အရမ်းတွေ သ ဘောကျနေပါပြီ မထက်အိရယ်🥰

    @aungpyaephyo5357@aungpyaephyo53578 ай бұрын
  • မဂ်လာပါအိရေ❤❤❤

    @yanmyoyanmyo@yanmyoyanmyo3 ай бұрын
  • so cool sis

    @BoraGrossey@BoraGrossey Жыл бұрын
    • Thank you so much ❤

      @HtetEi@HtetEi Жыл бұрын
  • ♥♥♥

    @zuezue3668@zuezue3668 Жыл бұрын
    • ❤😍thank you

      @HtetEi@HtetEi Жыл бұрын
  • Myanmar dive canter is where

    @hphchannel3152@hphchannel315210 ай бұрын
    • They are located in Ngwe Saung , Ngapali , Gwa

      @HtetEi@HtetEi10 ай бұрын
    • Ok

      @hphchannel3152@hphchannel315210 ай бұрын
  • Which city?😮

    @tangsoilon@tangsoilon Жыл бұрын
    • ngwe saung beach , Myanmar

      @HtetEi@HtetEi Жыл бұрын
  • ဘာနဲ့ရိုက်လဲခင်ဗျ ရေအောက်မှာ

    @kyawzayyelin2417@kyawzayyelin24179 ай бұрын
    • Go pro 9 with casing

      @HtetEi@HtetEi9 ай бұрын
KZhead